Updated On | : 19-10-2024 |
Reference No. | : | HMH250939 |
Job Type | : | Full Time |
Job Location | : | Mandalay |
Salary/Benefits | : | 30 ~ 40 lakhs + Incentive (Accommodation provided) |
Industry/Business | : | Factory |
For more details | : | 09 88 11 88 943 |
• Any graduated (More prefer BE (Mechanical) or related field).
• စီးပွားရေး ၊ စီမံခန့်ခွဲရေး ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းနှင့် သက်ဆိုင်သော Diploma (or) Certificate ရှိရပါမည်။
• Production ပိုင်းတွင် လုပ်ငန်းအတွေ့အကြုံ (၅) နှစ် ရှိပြီး စီမံခန့်ခွဲမှုပိုင်းတွင် လုပ်ငန်းအတွေ့အကြုံ (၆) နှစ် ရှိရပါမည်။
• ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ နည်းပညာပိုင်း အခြေခံကျွမ်းကျင်မှု ရှိရပါမည်။
• ဖြစ်ပေါ်လာသည့် ပြဿနာများကို အချိန်နှင့် တပြေးညီ ကိုင်တွယ်ဖြေရှင်းနိုင်ရပါမည်။
• ဦးဆောင်နိုင်စွမ်းနှင့် အဖွဲ့အစည်းကို စီမံခန့်ခွဲနိုင်စွမ်း ကောင်းမွန်ရပါမည်။
• ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး အသင်းအဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။
• ထုတ်လုပ်မှုဌာန၏ လုပ်ငန်းစဉ် ကဏ္ဍများအားလုံးကို ကြီးကြပ်ခြင်း (ချမှတ်ထားသော Order ဖြင့် ထုတ်လုပ်မှု အစီအစဉ်ရေးဆွဲခြင်း၊ စက်ယန္တရားများ ပြုပြင်ထိန်းသိမ်းခြင်း၊ ထုတ်ကုန်အရည်အသွေး ထိန်းသိမ်းခြင်း၊ ထုတ်လုပ်မှု ဌာနခွဲများအလိုက် ထုတ်လုပ်မှု တစ်ခုချင်းစီ၏ Target များ ပြည့်မီစေရန် ကြပ်မတ်ဆောင်ရွက်ခြင်း။
• ထုတ်လုပ်မှု Target များ အဆက်မပြတ်ပြည့်မီစေရန် လိုအပ်သောနေရာတိုင်းတွင် ဆောင်ရွက်ခြင်းနှင့် စက်ရုံလုပ်သားများ ကုန်ထုတ်စွမ်းအား တိုးတက်စေရန် လှုံ့ဆော် Motivate ပြုလုပ်ခြင်း။
• ထုတ်လုပ်မှု စံချိန်စံညွှန်းများ နှင့် ကုန်ထုတ်စွမ်းအားများ အချိန်တိုင်း ပြည့်မီစေရန်အတွက် ထုတ်လုပ်မှု ဌာနခွဲများနှင့် ထုတ်လုပ်မှုလိုင်းများ အားလုံးကို အခါအားလျော်စွာ သွားရောက် ကွင်းဆင်း စစ်ဆေးခြင်း။
• စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းအားလုံးနှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်းအားလုံးကို ဦးဆောင်စီစဉ် ကြီးကြပ်ခြင်း။
• စက်ပစ္စည်း ပြုပြင်ထိန်းသိမ်းရေးကို Preventative Maintenance & Corrective Maintenance ဖြင့် စက်ရုံထုတ်လုပ်မှု လုံးဝ မထိခိုက်စေရန်နှင့် ရပ်တန့်ခြင်းမရှိစေရန် ကြပ်မတ်ဆောင်ရွက်ခြင်း။
• စက်ရုံ၏ ထုတ်လုပ်မှု တိုးတက်ရေးစီမံကိန်းများကို ဦးဆောင်စီစဉ် ဆောင်ရွက်ခြင်း။ (System အသစ်၊ Line အသစ်၊ စက်ပစ္စည်းအသစ် စသည်ဖြင့်)
• ပြုပြင်ထိန်းသိမ်းရေး KPI ပြည့်မီအောင်ပြုလုပ်ခြင်း။ (Down Time လျှော့ချရေး ပြုပြင်ထိန်းသိမ်းရေး စရိတ် လျှော့ချရေး စသည်ဖြင့်)
• သုံးစွဲသူများ၏ လိုအပ်ချက် Demand နှင့် ကိုက်ညီအောင်ထုတ်လုပ်ရန် Planning Department နှင့် Sales & Marketing Department တို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ရာသီအလိုက် သုံးစွဲသူများ၏ လိုအပ်ချက်နှင့်အညီ ထုတ်လုပ်မှုဆောင်ရွက်နိုင်ရန် စီစဉ်ခြင်း။
• Planning Department နှင့် Procurement Department နှင့်အတူ ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သော ကုန်ကြမ်းများနှင့် Spare Parts များ အချိန်မီ ရရှိရေးအတွက် လိုအပ်ချက်ခန့်မှန်းမှု (Material Requirements Planning) ဆောင်ရွက်ခြင်း၊ လိုအပ်သောကုန်ကြမ်းများ အချိန်မီရရှိနိုင်ရန်အတွက် ဌာနများအားလုံးနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းအား ဦးစီးခြင်း။
• ဌာနမှူးများ၊ Supervisor များနှင့် Operator များအပါအဝင် စက်ရုံ၏လုပ်သားအင်အားများကို ဦးဆောင်၊ လေ့ကျင့်ပြီး စီမံခန့်ခွဲခြင်း။
• ထုတ်လုပ်မှုစက်ရုံများအတွက် စွမ်းရည်မြှင့်တင်မှု အစီအစဉ် ရေးဆွဲအကောင်ထည်ဖော်ခြင်း။
• ရာထူးတစ်ခုစီအတွက် လိုအပ်သော အကဲဖြတ်မှုများ ပြုလုပ်ခြင်း။
• ထုတ်လုပ်မှု ဌာနခွဲများအတွင်း လိုအပ်သော ကျွမ်းကျင်မှုလေ့ကျင့်ရေးနှင့် အလုပ်အလှည့်အပြောင်း (Job Rotation) အစီအစဉ်များ ဖန်တီး၍ အကောင်အထည်ဖော်နိုင်ရေး ဦးစီးဆောင်ရွက်ခြင်း။
• Quality Control Department နှင့် ပူးပေါင်း၍ အရည်အသွေးထိန်းချုပ်မှု လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း။
• ကုန်ထုတ်စွမ်းအား မြှင့်တင်ရန်နှင့် အလေအလွင့် လျှော့ချနိုင်ရန်အတွက် ထုတ်လုပ်မှုမက်ထရစ် (Production Metrics) များကို ချမှတ်အကောင်အထည်ဖော်၍ အချိန်တိုင်း စောင့်ကြည့် ခွဲခြမ်းစိတ်ဖြာပြီး Action ယူဆောင်ရွက်ခြင်း။
• ထုတ်လုပ်မှုတိုးတက်စေပြီး ကုန်ကျစရိတ် အနည်းဆုံးဖြစ်စေရန်အတွက် နည်းပညာ Technology နှင့် လူ့စွမ်းအားအရင်းအမြစ် (HR) အားပေါင်းစပ်၍ မှန်ကန်စွာ အသုံးပြုတတ်စေရန် ဦးဆောင်၍ ဖန်တီး ဆောင်ရွက်ခြင်း။
• ထုတ်လုပ်မှုတိုးတက်စေပြီး ကုန်ကျစရိတ် အနည်းဆုံးဖြစ်စေရန်အတွက် ထုတ်လုပ်မှုမူဝါဒများ ရေးဆွဲခြင်းနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
• ထုတ်လုပ်မှုဌာနများအတွင်း ဘေးကင်းလုံခြုံမှုရှိစေရေး စည်းမျဉ်း၊ စည်းကမ်းများချမှတ်ခြင်းနှင့် အဆိုပါ စည်းမျဉ်း၊ စည်းကမ်းများအား ရာထူး၊ အဆင့်အတန်းများအားလုံး လိုက်နာမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်း။
• ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး တိုးတက်မှုများ ဖြစ်ပေါ်လာစေရန်အတွက် လိုအပ်ပါက နည်းစနစ် ပြောင်းလဲကျင့်သုံးမှုများကို ဆောင်ရွက်ခြင်း။
• ဘတ်ဂျက်ရေးဆွဲခြင်း၊ Management အတွက် အစီရင်ခံစာများပြင်ဆင်ခြင်းနှင့် သတ်မှတ်ဘတ်ဂျက်များအတွင်း ထုတ်လုပ်နိုင်ရန်ကြီးကြပ်ခြင်း။
• ထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိသော စက်ရုံများအတွက် ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ် အခြေအနေများကို ကြိုတင်တွက်ဆ၍ ဖြေရှင်းနိုင်ရန် ဆောင်ရွက်ခြင်းနှင့် ဖြစ်ပေါ်လာသည့် Urgent အခြေအနေများကိုလည်း ကောင်းမွန်စွာ ဖြေရှင်းနိုင်ခြင်း။
Business : A well-known Group of Companies
Location : Mandalay Region
Working Hours : 7:45 AM to 4:45 PM
Off Days : Sunday & Gazette Holidays
Accommodation provided
* Email your CV (Microsoft Word) to cv@mascotmyanmar.com, describing
“Chief Factory Manager - HMH250939” in the Subject of the email.
Email ပို့လျှင် Subject တွင် “Chief Factory Manager - HMH250939” ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ။