| Updated On | : 30-07-2026 |
| Reference No. | : | FAH100653 |
| Job Type | : | Full Time |
| Job Location | : | Hlaing Thar Yar Township , Yangon |
| Salary/Benefits | : | Negotiable |
| For more details | : | 09 456 882 992 |
• ဘူမိဗေဒအထူးပြုဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရပါမည် (B.Sc / M.Sc in Geology)။
• သတ္ထုရှာဖွေရေးလုပ်ငန်း သို့မဟုတ် သက်ဆိုင်ရာကဏ္ဍတွင် အနည်းဆုံး (၃) နှစ်မှ (၅) နှစ်အထိ အတွေ့အကြုံရှိရပါမည်။
• ArcGIS, MapInfo, AutoCAD သို့မဟုတ် 3D Modeling Software များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရပါမည်။
• မြေပုံဖတ်ရှုခြင်းနှင့် Compass, GPS စသည့် ကွင်းဆင်းတိုင်းတာရေး ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်ရပါမည်။
• အစီရင်ခံစာများကို ရေးသားနိုင်စွမ်းရှိရပါမည်။
• ဝေးလံခေါင်ဖျားသော တောတောင်ဒေသများ၊ ဆက်သွယ်ရေးခက်ခဲသော စီမံကိန်းလုပ်ကွက်များတွင် အထိုင်ချ၍ ကာလရှည် နေထိုင်လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
• ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်ကြံ့ခိုင်မှုရှိရမည် (တောင်တက်ခြင်း၊ လမ်းခရီးကြမ်းလျှောက်ခြင်းများ ပြုလုပ်နိုင်ရပါမည်။
• အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ဒေသခံ အလုပ်သမားများနှင့် ပြေပြစ်စွာ ဆက်ဆံနိုင်ရပါမည်။
ကွင်းဆင်းလေ့လာခြင်းနှင့် ရှာဖွေခြင်း (Field Exploration)
• သတ်မှတ်ထားသော လုပ်ကွက်များအတွင်း ဘူမိဗေဒမြေပုံရေးဆွဲခြင်း (Geological Mapping) နှင့် ကျောက်နမူနာ၊ မြေနမူနာများ ကောက်ယူခြင်း။
• မြေပြင်အခြေအနေအရ တွေ့ရှိရသော ဘူမိဗေဒလက္ခဏာများကို စနစ်တကျ မှတ်တမ်းတင်ခြင်း။
တူးဖော်ရေးလုပ်ငန်းများ ကြီးကြပ်ခြင်း (Drilling & Core Logging)
• စမ်းသပ်တူးဖော်ရေး (Exploration Drilling) အစီအစဉ်များတွင် တူးဖော်မှုအခြေအနေကို အနီးကပ် ကြီးကြပ် ခြင်း။
• တူးဖော်ရရှိလာသော ကျောက်နမူနာများ (Drill Cores/Chips) ကို စစ်ဆေးမှတ်တမ်းတင်ခြင်း (Core Logging) နှင့် ဓာတ်ခွဲခန်းသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခြင်း။
အချက်အလက် စိစစ်ခြင်းနှင့် အစီရင်ခံခြင်း (Data Analysis & Reporting)
• ကွင်းဆင်းရရှိလာသော အချက်အလက်များနှင့် ဓာတ်ခွဲခန်းအဖြေများကို စိစစ်သုံးသပ်ခြင်း။
• GIS နှင့် အခြားသော သက်ဆိုင်ရာ Software များကို အသုံးပြု၍မြေပုံများ ဖန်တီးရေးဆွဲခြင်း။
• တိုက်ရိုက်အစီရင်ခံရမည့် မန်နေဂျာထံသို့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် လုပ်ငန်းတိုးတက်မှု အစီရင်ခံစာများတင်ပြ ခြင်း။
ဘေးအန္တရာယ်ကင်းရှင်းရေး (HSE Compliance)
• နယ်ဆိုက်များတွင် အလုပ်လုပ်ကိုင်စဉ် ကုမ္ပဏီမှ ချမှတ်ထားသော လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး (Safety) စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာခြင်း။
လုပ်ငန်းခွင် အခြေအနေနှင့် ခံစားခွင့်များ (Working Conditions & Benefits)
• Roster စနစ် (ဥပမာ - လုပ်ကွက်တွင် ၃လနေထိုင်ပြီး ၊ ၁လ နားခွင့်ရသည့်ပုံစံ - ကုမ္ပဏီ၏ မူဝါဒအပေါ် မူတည်၍ ပြောင်းလဲနိုင်သည်)။
• လုပ်ကွက် (Site Camp) တွင် ကုမ္ပဏီမှ နေထိုင်စားသောက်ရေး အခမဲ့ စီစဉ်ပေးမည်။ Online Interview စီစဉ်ပေးသည်။
Business : Mining Company
* Email your CV (Microsoft Word) to cv@mascotmyanmar.com, describing
“Assistant Geologist - FAH100653” in the Subject of the email.
Email ပို့လျှင် Subject တွင် “Assistant Geologist - FAH100653” ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ။