| Posted | : 12-11-2026 |
| Reference No. | : | SLSN121153 |
| Job Type | : | Full Time |
| Job Location | : | Hlegu Township , Yangon |
| Salary/Benefits | : | Negotiable |
| For more details | : | 09 880 950 860 |
• စိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရ (သို့မဟုတ်) စိုက်ပျိုးရေးသိပ္ပံ ဒီပလိုမာ ရရှိထားသူ ဖြစ်ရပါမည်။
• အပင်ပျိုးထောင်ခြင်း လုပ်ငန်းစဉ်များ၊ ပိုးမွှားရောဂါကာကွယ်ရေးဆိုင်ရာ သင်တန်းဆင်းလက်မှတ် ရှိပြီး လက်တွေ့ လုပ်ငန်းအတွေ့အကြုံရှိပါက ပညာအရည်အချင်းကို လျှော့ပေါ့ရွေးချယ်ပါမည်။
• ပျိုးခြံ (သို့မဟုတ်) စီးပွားဖြစ် ပန်းပင်များ နှင့် သစ်သီးဝလံပင်များ စိုက်ပျိုးခြံများတွင် ကြီးကြပ်ရေးမှူးဖြင့် အလုပ်လုပ်ကိုင်ဖူးသည့် လုပ်သက် အနည်းဆုံး (၂) နှစ် နှင့် အထက် ရှိရပါမည်။
• ပျိုးပင် အမျိုးအစားအလိုက် မျိုးပွားခြင်းနည်းလမ်းများကို လက်တွေ့ကျွမ်းကျင်စွာ လုပ်ဆောင်တတ်ရပါမည်။
• မြေဆီလွှာ အမျိုးအစားခွဲခြားနိုင်ခြင်းနှင့် ဓာတု ပိုးသတ်ဆေးများကို ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ တွက်ချက် သုံးစွဲတတ်ရပါမည်။
• ပျိုးခြံဝန်ထမ်းများကို စည်းရုံးကွပ်ကဲနိုင်စွမ်း - Leadership Skill ကောင်းမွန်ရပါမည်။
• အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိပြီး ဆက်ဆံရေးပြေပြစ်ရပါမည်။
• ပန်းပင်များနှင့် သစ်သီးဝလံပင်များ စနစ်တကျ ပြုစုပျိုးထောင်ရေးနှင့် ခြံတွင်းလုပ်ငန်းများကို အထက်လူကြီး၏ လမ်းညွှန်မှုဖြင့် နေ့စဉ် ကြီးကြပ်ကွပ်ကဲခြင်း။
• ပန်းပင်မျိုးစုံနှင့် သစ်သီးဝလံပင်များအတွက် မျိုးစေ့ချခြင်း၊ ပျိုးထောင်ခြင်း၊ အိတ်သွပ်ခြင်း၊ ကိုင်းဆက်ခြင်း၊ ကိုင်းကူးခြင်း နှင့် အမြစ်ဖြတ်ပွားခြင်း လုပ်ငန်းများကို နည်းစနစ်တကျ ကြီးကြပ်ရန်။
• အပင်အမျိုးအစားအလိုက် လိုအပ်သော မြေဆီလွှာအချိုးအဆ ပြုလုပ်ခြင်း၊ အော်ဂဲနစ်/ ဓာတ်မြေဩဇာ ကျွေးမွေးခြင်း၊ ပုံမှန်ရေလောင်းခြင်းစနစ်များကို စီမံခြင်း၊ အပင်များ၏လိုအပ်ချက်အရ အထူးပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ရန်။
• ပိုးမွှားနှင့် ရောဂါကျရောက်မှုကို ကြိုတင်ကာကွယ်ခြင်းနှင့် ဖြစ်ပေါ်လာပါက သင့်လျော်သော ဆေးဖျန်းခြင်း၊ ကုသခြင်း စသည့် လုပ်ငန်းစဉ်များကို အချိန်မီ လုပ်ဆောင်ခြင်း။
• ပျိုးခြံဝန်ထမ်းများအား နေ့စဉ်လုပ်ငန်းတာဝန်များကို ခွဲဝေပေးခြင်း၊ အလုပ်ချိန်အတွင်း စည်းကမ်းတကျ လုပ်ကိုင်စေရန် ကြီးကြပ်ခြင်း။
• ဝန်ထမ်းများ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး နှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းများကို တင်းကျပ်စွာ စစ်ဆေးဆောင်ရွက်ခြင်း။
• ပျိုးခြံနှင့် ဆက်စပ်ပစ္စည်းများ၏ လက်ကျန်စာရင်းများကို စနစ်တကျ မှတ်တမ်းတင်ပြီး လိုအပ်ပါက အချိန်မီ တင်ပြတောင်းခံခြင်း။
• ပျိုးခြံ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တိုးတက်မှုများနှင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ ထူးခြားဖြစ်စဉ်များ ကို သက်ဆိုင်ရာ အကြီးအကဲထံသို့ ပုံမှန် အစီရင်ခံတင်ပြခြင်း။
• ပျိုးခြံတွင် နေထိုင်ရန် စီစဉ်ပေးသည်။ ဆန်၊ ဆီ ထောက်ပံ့ပေးသည်။
Business : Agriculture Company
Location : Taunggyi, Shan State
Working Hours : 9:00 AM ~ 5:00 PM
Off Days : Two days per month
* Email your CV (Microsoft Word) to cv@mascotmyanmar.com, describing
“ပျိုးခြံ ကြီးကြပ်ရေးမှူး - SLSN121153” in the Subject of the email.
Email ပို့လျှင် Subject တွင် “ပျိုးခြံ ကြီးကြပ်ရေးမှူး - SLSN121153” ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ။